တငြိမ့်ငြိမ့် ပြေးနေသည့် ကားပေါ်မှာ မျက်လုံးမှိတ်ပြီး သီချင်းနားထောင်နေပေမယ့် အတွေးတွေကြောင့် နားကြပ်တပ်ထားသော်လည်း သီချင်းသံကို ကြားတစ်ချက် မကြားတစ်ချက်ရယ်။ ဒီရက်ထဲ သီချင်းနားထောင်တိုင်း မမြင်ဖူးသည့် သူ့ကို သတိရတတ်တာကြောင့် အဲ့ဒီသီချင်းလေးကိုပဲ ထပ်ခါထပ်ခါ နားထောင်ခဲ့သည်။ အခုလည်း သီချင်းနားထောင်ရင်း အတွေးတွေနှင့် ရှက်ပြုံးလေး ပြုံးမိတတ်သလို နွယ့်ကိုမြင်ရင် ပထမဆုံး တုန့်ပြန်လာမည့် သူ့ရဲ့ တုန့်ပြန်မှုတွေကို တွေးရင်း ရင်တွေခုန်လာသည်။ သူရော နွယ့်လိုပဲ ရင်ခုန်နေမှာလားဆိုတာ တွေးရင်း နွယ် ပြုံးမိသည်။
သီချင်းထဲက စာသားလေးတွေ နားထောင်ပြီး သူ့ကို ရည်ရွယ်ပြီး ပို့စ်လေးတစ်ခု တင်ဖြစ်ခဲ့သည်။ နွယ့်ထက် တစ်နှစ်ပဲ ကြီးသည့်သူမို့ သမ္ဘာအရ၊ ဝါအရ အစ်ကိုလို့ ခေါ်ခဲ့ပေမယ့် နွယ့်အတွေးတွေထဲမှာ “မင်း” လို့ နာမ်စားလေး ပေးထားခဲ့သည်။ တစ်ခါမှ မသုံးနှုန်းခဲ့ဖူးသည့် ကိုယ်နဲ့မင်းလို့ သုံးနှုန်းခဲ့တာ သူ့ကို ရည်ညွှန်းမှန်း သူ… သိမှသိပါ့မလား။
နွယ်တို့ သိခဲ့သည့် အချိန်ဟာ သိပ်ကို တိုတောင်းလွန်းသည်။ နွယ် ယုံကြည်ရင်းနှီးရတဲ့ အသိမိတ်ဆွေတစ်ယောက်၏ မိတ်ဆက်ပေးမှုကြောင့် သူ့အကောင့်လေးကို ဝင်ကြည့်ဖြစ်ခဲ့သည်။ ထူးခြားမှုမရှိဘဲ ပျော်ပျော်နေတတ်ပုံရသည့် အကောင့်တစ်ခုဆိုတာကလွဲရင် နွယ့်အတွက်တော့ သူသည် ပုံမှန်မျှသာ။ ဒါပေမဲ့လည်း သူ့အကောင့်ကို ခဏခဏ ဝင်ကြည့်မိခဲ့သည်။ Search Bar ကို ဝင်လိုက်တိုင်း သူ့အကောင့်လေး အရင်ဆုံးပေါ်လာတတ်သည်အထိ။ နွယ့်ဆီက စိတ်ဝင်စားလက်ခံကြောင်း တစ်ဖက်ကို ပြောထားသော်လည်း သူကတော့ နွယ့်ဆီကို ရောက်မလာခဲ့ဘူး။ အားမလို အားမရဖြစ်နေသည့် နွယ်ကပဲ အရင်ဆက်သွယ်ဖို့အထိ ဆန္ဒရှိနေခဲ့ပေမဲ့ သူကတော့ မီးစိမ်းလေးနဲ့ ပို့စ်လေးတွေ ပုံမှန်တင်တာကလွဲရင် အရာရာဟာ ပုံမှန်လိုပါပဲ။ နွယ့်မှာသာ သူ့အကောင့်လေးထဲ ဝင်ကြည့်ရင်း သူ့ Reply တွေကိုကြည့်ပြီး ကြောက်မိသည်။ သူလည်း နွယ့်လိုပဲ စိတ်မထင်ရင် မထင်သလို ဆက်ဆံတတ်သူမို့။
ဧပြီ ၁၇ ရက်နေ့ထဲက စောင့်ကြည့်ခဲ့ရသည့် မီးစိမ်းလေးသည် ၂၂ ရက်နေ့မှာတော့ နွယ့်ကို စတင်ဆက်သွယ်လာသည်။ နွယ် မျှော်နေသည်ဆိုတာ ပြောပြစရာမလိုအောင် သူစာပို့တဲ့အချိန်မှာ Reply ချက်ချင်းပြန်တာကို သတိထားမိရင် သူ သိမှာပါ။ စပြီး စကားပြောသည့် နေ့မှာပင် နွယ်တို့တွေ ဖုန်းပြောဖြစ်ခဲ့ကြတယ်။ အသွင်တူသူ နှစ်ယောက်မို့ ထင်ပါရဲ့။ စကားပြောရတာ အဆင်ပြေခဲ့သည်။ သူ့ရဲ့ ဟာသတွေဟာ နွယ့်အတွက် ရယ်မောခဲ့ရသလို နွယ့်အတွက်တော့ သူသည် စကားပြောရ အဆင်ပြေပြီး စနောက်လို့ကောင်းသည့် လူတစ်ယောက်ရယ်ပါ။
အဲ့ဒီလိုနှင့် သူအားသည့်အချိန်တိုင်း နွယ်နှင့် စကားပြောတတ်သလို နွယ်အားသည့်အချိန်တွေမှာ ဖုန်းပြောဖြစ်ခဲ့ကြသည်။ ဘဝမှာ ပထမဆုံးအဖြစ် မနက် ၄ နာရီခွဲအထိ စကားတွေ ပြောဖြစ်ခဲ့ကြသည်။ တွေ့မည့်နေ့အတွက် နွယ့်ဘက်မှ Plan တွေ ပြောတိုင်း ဒေါ်စနစ်တကျကြီးဟု ခေါ်တတ်ပြီး သူ့ဘက်ကတော့ ဘာကိုမှ မစီစဉ်ထားသလို နွယ်လာလျှင် တွေ့ပြီး နွယ်မလာလျှင် မတွေ့ဖြစ်ရုံဟုသာ သူပြောတတ်သည်။ သူပြောခဲ့သည့် မတွေ့ဖြစ်ရင်တောင် စာဖတ်ရတာ အမြတ်ဆိုလို့ နွယ့်မှာ သူ့ကို သဘောကျမိသေးသည်။
နွယ်တို့ စကားတွေ စပြောကတည်းက နွယ့် ဦးတည်ချက်သည် သူနှင့်တွေ့ပြီး လိင်ဆက်ဆံဖို့ အဓိကဖြစ်ခဲ့သော်လည်း သူ့စကားတွေကတော့ အဲ့ဒီလို မတွေ့ဖြစ်ခဲ့ရင်တောင် မိတ်ဆွေအဖြစ် ဆက်သွားရန် ရည်ညွှန်းပြောဆိုခဲ့သည်။ နွယ်တို့တွေ့သည့်အချိန်မှာ အဆင်မပြေတာမျိုး မဖြစ်စေလိုတာကြောင့်ရယ် နွယ့်အကြောင်း သိပြီးမှ သူ လက်မခံတာမျိုး၊ ရှေ့ဆက်တိုး/မတိုး စဉ်းစားနိုင်အောင်ရယ် နွယ့်အကြောင်းတွေအား သူ့ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ နွယ် ကြိုက်နှစ်သက်တတ်သည့် အရာတွေကို ပြောဆိုဆွေးနွေးနေခဲ့သော်လည်း သူကတော့ မအားလပ်စွာ နွယ့်ပို့စ်တွေကို နွယ် ပို့မှသာ ဖတ်ဖို့ အိမ်စာအဖြစ် အကြွေးမှတ်ထားတတ်သည့်သူ၊ သူရဲ့ ကြိုက်နှစ်သက်မှုတွေကို ဘာတစ်ခုမှ ထုတ်ဖော်မပြသည့်အပြင် အမှတ်တရဆိုတာ အမှတ်တမဲ့ ရတာမျိုးဆိုပြီး သင်ပေးခဲ့သူ၊ အရာရာကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေသော ပုံမှန်လူတစ်ယောက်အဖြစ်သာ တွေ့ခဲ့ရသည်။
သူ့အကြောင်း ဘာမှ တိတိကျကျမသိရသော်လည်း ယုံကြည်ရသူ၏ မိတ်ဆက်ပေးမှုကြောင့် သူ့အပေါ်ကိုလည်း ယုံကြည်မိခဲ့သည်။ စကားပြောချိန် ကြာလာသည်နှင့်အမျှ သူ့အပေါ် ပိုပြီး ရင်းနှီးသလို ခံစားခဲ့ရသည်။ သူနှင့် စကားပြောတိုင်း အမြဲ ရယ်မောခဲ့ရသလို သူပြောနေကြ “မဆုံခင်က လွမ်းရတဲ့ နွယ်” ဆိုသည့် စကားလေးကိုတော့ သူမရှိသည့်အချိန် နွယ် သတိရသည့်အခါ ပြန်ဖတ်ကြည့်ပြီး စိတ်ထဲ တစ်မျိုးလေး ခံစားခဲ့ရသည်။
သူ့ကို စ,နောက်ချင်သောကြောင့် နွယ့်ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး လက်ပုံလေးကအစ သူ့ကို မပြဘဲ နွယ့်ကိုယ်နွယ် ခပ်ဝဝ အမျိုးသမီးပုံစံမျိုး ပြောထားခဲ့သည်။ နွယ် ဘယ်လိုပြောပြော သူကတော့ နွယ့်ကို နွယ်မို့ တွေ့တာဖြစ်ပြီး အကယ်၍များ နွယ့်ကို လက်မခံနိုင်လျှင် ကန်တော့ပြီး ပြန်လွှတ်ဖို့ ကန်တော့ချိုးတွေ ကျင့်နေသည့်အကြောင်း ပြောလို့ ကြံကြံဖန်ဖန် ပြောတတ်သည့် သူ့ကြောင့် ရယ်ခဲ့ရသည်။
အစကတော့ နွယ်ရှိရာ သူ့ကို လာခေါ်ဖို့ ပြောထားခဲ့သော်လည်း အသွားအပြန် ခရီးဝေးတာရယ်၊ တွေ့ရမည့်အချိန် နည်းသွားမှာရယ်၊ အပြန်လမ်းခရီးတွင် တစ်ယောက်တည်း ကားမောင်းပြီး ပြန်ရမည့်သူ့ကို စိတ်မချတာရယ်ကြောင့် သူရှိရာ မန္တလေးသို့ နွယ် သွားတွေ့ရန် ဆုံးဖြတ်ခဲ့သည်။ မန္တလေးကို နွယ်တစ်ယောက်တည်း တစ်ခါမှ မရောက်ဖူးသူမို့ တွေ့ဖို့ စချိန်းကတည်းက သွားချင်သည့်နေရာတွေ၊ တည်းမည့်နေရာ၊ တွေ့မည့်အချိန်ကိစ္စတွေ ပြောတိုင်း အလွယ်ပြောတတ်သော သူနှင့် သေချာတိကျချင်သော နွယ်တို့ ခဏခဏ Plan ပြောင်းခဲ့ရသည်။
မန္တလေးမှာ ညအိပ်ဖို့ကိစ္စပြောသည့်အခါ ကိုယ်မသိသည့်အရပ်မှာ တစ်ယောက်တည်း ညအိပ်ရမှာဖြစ်သောကြောင့် နည်းနည်းအားငယ်သလို ခံစားခဲ့ရသော်လည်း အဲ့ဒီနည်းလမ်းကပင် နွယ်တို့အတွက် အဆင်အပြေဆုံးဖြစ်သောကြောင့် မန္တလေးမှာ ညအိပ်ရန် နွယ် ဆုံးဖြတ်ခဲ့သည်။ အစီအစဉ် အသေးစိတ် ဆွဲတတ်သူမို့ သွားမည့်နေရာတွေအား Google Map ထောက်ရင်း သူ ပြောသည့် Guest House ကို ဖုန်းဆက်စုံစမ်းသည်အထိ နွယ် ဟန်မဆောင်နိုင်ခဲ့ဘူး။ သူကတော့ သူ့အိမ်နဲ့ နီးသည့်နေရာမို့ စိတ်ချ၍ရကြောင်းတွေ၊ Guest House ဆိုသော်လည်း Hotel လိုပင် Service ကောင်းပြီး လုံခြုံစိတ်ချရကြောင်းတွေ ရှင်းပြခဲ့သော်လည်း နွယ့် စိတ်ထဲမှာတော့ အေးမနေခဲ့ဘူး။ ဒါပေမဲ့လည်း သူရှိရာအရပ်ကို နွယ်သွားမှ တွေ့ခွင့်ရမှာမို့ နွယ် သွားတွေ့မည်ဟု ဆုံးဖြတ်ခဲ့တယ်။
မန္တလေးတွင် ညအိပ်သည့်အခါ နွယ် တစ်ယောက်တည်းဖြစ်မည့် အချိန်ကိုတွေးပြီး လိုအပ်မည်ထင်သည့် ပစ္စည်းတွေကို ထည့်ထားခဲ့သည်။ အပျင်းပြေဖတ်ဖို့ စာအုပ်တစ်အုပ်မှအစ ကော်ဖီ ၊ Note Book ၊ နောက်နေ့ဝတ်မည့်ဝတ်စုံသာမက ညအိပ်ဝတ်စုံအပြင် ခေါင်းလျှော်ရည်မှစပြီး Feminine Wash အထိ သုံးနေကျ အသုံးလိုမည်ထင်သည့် ပစ္စည်းတွေကို ပြင်ဆင်ပြီး ထည့်ထားခဲ့သည်။ သူ့ကို စ,နောက်ရန် Sleep Mask ကိုပါ နွယ် ထည့်ထားခဲ့သည်။ နွယ့်ဘက်မှ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ဘာမှ မပြောပြဖြစ်ဘဲ နွယ်သည် အသားမဲမဲ စည်ပိုင်းမလေးအဖြစ်သာ သူ့ကို စ,နောက်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်လာခဲ့သည်။
လိင်ဆက်ဆံတာနှင့်ပတ်သက်ပြီး နွယ်တို့ ဆွေးနွေးသည့်အချိန်မှာတော့ နွယ်သည် တုံ့ပြန်မှုမရှိသော၊ Service မကောင်းသော၊ BJ မပေးတတ်သော သူတစ်ယောက်ဖြစ်ကြောင်း သူ့အား ပြောပြခဲ့သလို သူသည်လည်း အားကျမခံ ကောင်မလေးတွေအပေါ် အကျင့်မကောင်းခဲ့ပုံတွေအား ပြောပြရင်း ရမ္မက်၏နောက်ဆက်တွဲ အပိုင်း (၂) မှ မန္တလေးသားအစား လက်စားချေမည်ဟု ပြော၍ နွယ်တို့ ရယ်ခဲ့ရပြန်သည်။
စကားပြောရတာ အဆင်ပြေပြီး သူ့ကို သဘောကျသလို ရှိခဲ့သော်လည်း တကယ်တမ်း သူ့မှာ နွယ် မကြိုက်ဆုံး အချက်တစ်ချက် ရှိနေခဲ့သည်။ သူကိုယ်တိုင် ဝန်ခံပြောပြခဲ့သည်မို့ အဲ့ဒီအကြောင်းကို စသိသည့်အချိန် သူနှင့် တွေ့သင့်လားဟု ကိုယ့်ကိုယ်ကို မေးမိသည်အထိ အဲ့ဒီအချက်သည် နွယ့်အတွက် ပထမဆုံး သူ့အပေါ် စိတ်ကွက်မိသည့်အချက် ဖြစ်စေခဲ့သည်။ သူသည် ကွမ်းစားတတ်သူဖြစ်ကြောင်း စသိရသည့်အချိန် သူ့အပေါ်မှာ အနည်းငယ် စိတ်ကွက်နေတာကို ရိပ်မိပုံရသည့် သူသည် နွယ် စိတ်ဝင်စားနိုင်မည့် နောက်တစ်မျိုးဖြင့် နွယ့်အား သွေးဆောင်ခဲ့သည်။ သူ၏ မွေးရာပါလေးကို မြင်ပြီးချိန်မှာ နွယ့် ဆုံးဖြတ်ချက်တွေ ပိုပြီး ခိုင်မာလာခဲ့သည်။ ဓာတ်ပုံသည် ရှုထောင့်အမျိုးမျိုး ကစားနိုင်၍ မယုံကြည်နိုင်ဘူးဟု ပြောသည့် နွယ့်ကို Video Call ခေါ်ပြီး လက်ဖြင့် ရေသန့်ဘူးနှင့် တိုင်းပြခဲ့သည့် သူ့ကြောင့် နွယ့်ရဲ့ စိတ်ဝင်စားမှုတွေ သူ့အပေါ် ပြန်ရောက်သွားခဲ့သည်။
သူနှင့်တွေ့ရန် ပြောသည့်နေ့ကစပြီး နွယ် ဝိတ်ပြန်ထိန်းခဲ့တယ်။ ညနေတိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ခဲ့သလို အစာကိုလည်း ထိန်းစားခဲ့သည်။ သူနှင့် တွေ့သည့်အချိန်မှာ နွယ့်ကို သဘောကျစေချင်၍ နွယ့်ရဲ့ အားထုတ်မှုတွေအကြောင်း သူ့အား နွယ် မပြောပြခဲ့ဘူး။ အသားမဲမဲ စည်ပိုင်းမလေးအဖြစ် သူစိတ်ပျက်အောင် စ,နောက်နေခဲ့သော်လည်း ဘယ်လိုပင်ပြောပြော စိတ်မပျက်သည့်သူ့ကို အားနာပါးနာ စိတ်ပျက်ပေးပါဦးဟု နွယ် ပြောမှသာ စိတ်တွေ အရမ်းပျက်နေပါပြီဟု သူ ပြော၍ နွယ်တို့ ရယ်ခဲ့ရပြန်သည်။ လူတွေမှာ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း ဒွန်တွဲနေသလို ကံကောင်းခြင်းချည်းပဲ မလာတတ်သလို ကံဆိုးတာချည်းပဲလည်း မဖြစ်နိုင်ကြောင်း ပြောရင်း နွယ်တို့တွေ့ဆုံမှုကို ကံကောင်းသည်ဟု နွယ် သတ်မှတ်ခဲ့သည်။ ဘာလို့လဲဆိုတော့ လူတွေ အများကြီးထဲမှာမှ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံမှုကို ကံကောင်းသည်ဟု နွယ် ထင်သည်။ အဲ့ဒီထဲကမှ မြို့ချင်းဝေးကွာသူနှစ်ယောက် တွေ့ဆုံရသည်မို့ နွယ်တို့ ပိုပြီး ကံကောင်းသည်ဟု ခံစားရသည်။
ကံဆိုးမှုတွေ ရောက်မလာရန် နွယ် ဆုတောင်းနေသည့်ကြားမှ တကယ်ကိုပဲ ကံဆိုးမှုသည် အချိန်တိကျစွာ နွယ့်ထံ ရောက်လာခဲ့သည်။ သူနှင့်တွေ့ဆုံရန် ချိန်းဆိုထားသည့်နေ့ မတိုင်မီမှာ နွယ် ဓမ္မတာလာခဲ့သောကြောင့် ချိန်းထားသည့်ရက်ကို ရွှေ့ပြီး တွေ့မည့်နေ့မှာ မသေချာတော့သောကြောင့် နွယ် ငိုချင်သွားမိသည်။ ရက်မှန်ပြီး အလာနည်းတတ်သည့် နွယ့် ဓမ္မတာသည် အဲ့ဒီရက်မှာတော့ အလွန်ကို ကောင်းမွန်ရွှဲစိုကာ လာနေသောကြောင့် စိတ်ပျက်မိသလို သူ့အား အချိန်မပေးနိုင်တော့မည်ကို စိတ်ပူရင်း နွယ်တို့ မတွေ့ဖြစ်တော့မှာကို စိုးရိမ်နေခဲ့မိသည်။ သူ့ဘက်ကတော့ အတူတူမနေရလည်း ကိစ္စမရှိတာမို့ ဒီအတိုင်းလာတွေ့ရန် ပြောခဲ့သော်လည်း နွယ့် ဦးတည်ချက်သည် သူနှင့် လိင်ဆက်ဆံဖို့ဖြစ်သောကြောင့် တခြားအတွက်နှင့် အချိန်ကုန်မခံလိုကြောင်း၊ မျက်နှာမပြချင်ကြောင်းပြောရင်း တကယ်ကို စိတ်ထဲ ငိုချင်မိခဲ့သည်။ သို့သော်လည်း ကံဆိုးမှု ရောက်လာပြီးပြီမို့ နောက်တစ်ကြိမ်သည် ကံကောင်းမှုဖြစ်နိုင်ကြောင်းနှင့် ထိုကံကောင်းမှုသည် ကုတင်ပေါ်ဖြစ်နိုင်ကြောင်း ပြောရင်း အတူတူရယ်ခဲ့ကြရပြန်သည်။
စာတွေ အပြန်အလှန်ပို့ရင်း သူအားသည့် အချိန်လေးတွေမှာ နွယ်တို့ ဖုန်းပြောဖြစ်ခဲ့ကြသည်မို့ စာပို့သည်ထက် စကားပြောခြင်းသည် သူနှင့်ပိုပြီး ရင်းနှီးသလို ခံစားခဲ့ရသည်။ သူပို့ဖူးသည့် သူ့ပုံလေးကို ခဏခဏ ချဲ့ကြည့်မိသည်။ နွယ့်ဘက်မှ နွယ့်ပုံကို မပြခဲ့သလို သူသည်လည်း သူ့ပုံကို ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့်ပုံကိုသာ ပို့ပေးသည်မို့ ကိုယ်နေဟန်ထားနဲ့ မျက်လုံးပုံစံကိုသာ အဓိက ကြည့်ထားခဲ့သည်။ သူကတော့ သူ့ကိုယ်သူ အညာသား အသားမဲမဲ ကွမ်းတရဲရဲဟုပြော၍ နွယ်က ပြန်ကန်တော့ရမည့်အနေအထား ရောက်သွားခဲ့သည်မို့ ကိုယ့်ကိုစိတ်ပျက်စေချင်လို့ သူ့အား ပြောထားသမျှ သူ ပြောမှသာ ကိုယ်ကချည်း စိတ်ပျက်နေရသည်မို့ အပြန်အလှန် စ,နောက်ရင်း နွယ်တို့ ရယ်မောနေခဲ့ရတာ များသည်။
အဲ့ဒီလို အလွဲလွဲလေးတွေနှင့်ပဲ နွယ်တို့တွေ့မည့်နေ့ကို ရောက်လာခဲ့သည်။ စရောက်သည့် မနက်ခင်းမှာပဲ စ,လွဲခဲ့သည်။ မနက် ၇ နာရီ ခေါ်ထားသည့် ကားသည် မနက် ၈ နာရီကျော်မှ နွယ့်အိမ်ကို လာကြိုခဲ့သည်။ ကားပေါ်လိုက်မည့် နောက်ထပ် ၂ ယောက်အား ကြိုပြီးချိန်မှာ မနက် ၉ နာရီထိုးခါနီးမို့ စိတ်စောနေသည့် နွယ့်အတွက်တော့ နာရီကို အဖတ်လုပ်မိသည့် နေ့တစ်နေ့အဖြစ် စတင်ခဲ့ရသည်။ နွယ်တွေးထားသည်မှာ သူနှင့် ချိန်းဆိုထားသည့်အချိန်ထက် နွယ် စောရောက်နေပြီး သူဝင်လာသည်ကို ထိုင်စောင့်ချင်သောကြောင့် အိမ်မှ စောစောထွက်ရန် ကြံရွယ်ထားခဲ့သော်လည်း ယခုပုံစံအတိုင်းဆိုလျှင် သူ ကြိုရောက်နိုင်သည်။
နွယ် စိတ်ကူးထားတာသည် နွယ့်ကို သူ မမှတ်မိစေရန် အဓိကဖြစ်သည်။ နွယ် Mask တပ်ထားမည်ပြောထားသောကြောင့် Mask မတပ်ခဲ့ဘဲ သနပ်ခါးလိမ်းထားသည်ကို သူ သဘောကျကြောင်း ပြောဖူးသည့်အတွက် နွယ် သနပ်ခါးပါးကွက်လေး လိမ်းခဲ့သည်။ ဂါဝန် အဝတ်များကြောင်း သူ့အား ပြောထားခဲ့သော်လည်း တကယ်တမ်း တွေ့မည့်နေ့မှာ မြန်မာရင်ဖုံးဝမ်းဆက် ခါးတိုလေးကိုသာ နွယ် ဝတ်ဆင်ခဲ့သည်။ နွယ့်ကိုယ်နွယ် ဝတယ်ဟု သူ့အား ပြောထားသည်မို့ သူသည် ဝသည့်သူတွေကိုသာ လိုက်ကြည့်နိုင်ကြောင်း တွေးမိပြီး နွယ် တစ်ယောက်တည်း ရယ်မိသည်။
ဆိုင်ရှေ့မှာဆင်းလျှင် သိသာမည်စိုးသောကြောင့် ဆိုင်နှင့် နည်းနည်းလှမ်းသည့်နေရာတွင် ကားအား ရပ်စေခဲ့သည်။ ဆိုင်ထဲရောက်သည့်အချိန် သူ မရောက်သေးသည်မှာ သေချာသလောက်ပင်။ အဘယ့်ကြောင့်ဆိုသော် ဆိုင်ထဲရှိ စားပွဲတိုင်းတွင် တစ်ယောက်တည်းထိုင်နေသော အမျိုးသားမရှိသလို စားပွဲတိုင်းရှိ လူအားလုံးမှာလည်း သူ့အဖော်နှင့်သူ စကားပြောရင်း စားသောက်နေသည်မှာ ပုံမှန်အတိုင်းပင်။ တစ်စုံတစ်ယောက်အလာကို စောင့်မျှော်နေသော မျက်ဝန်းမျိုး မတွေ့ရ၍ ဆိုင်အတွင်းဘက်မှ ဝင်ပေါက် ၂ ဖက်စလုံးအား မြင်နိုင်သော စားပွဲတွင် နွယ် ဝင်ထိုင်လိုက်သည်။ ဆိုင်ဝန်ထမ်း၏ ဖော်ရွေယဉ်ကျေးမှုကို အသိအမှတ်မပြုဘဲ မနေနိုင်စွာ ဝန်ထမ်းမိန်းကလေး နှုတ်ဆက်ချိန်မှာ သဘောကျစွာ ပြုံးပြမိသည်။ ဆိုင်လာသည့် Customer ကိုသာ ထိုသို့ဆက်ဆံသည်ဟု ထင်နေသော်လည်း ဝန်ထမ်းအချင်းချင်း ပြောဆိုဆက်ဆံရာမှာလည်း အံ့သြမိတဲ့အထိ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေကြသည်ကို တွေ့ခဲ့ရသည်။ ရန်ကုန်မှာဆိုလျှင် ယခုလိုဆက်ဆံမှုမျိုး အတော်ရှားမည်ဟု တွေးမိသည်။ ဆရာသက္ကမိုးညိုကို သတိရ၍ ထပ်တရာအား မှာစားဖြစ်ခဲ့သည်။ ပလာတာနဲ့ ထပ်တရာ ဘာကွာလဲဆိုတာ မန္တလေးရောက်တုန်း စားဖူးကြည့်ချင်ရုံမျှသာ။
နွယ် ထိုင်နေရာ စားပွဲ၏ ဆန့်ကျင်ဘက် ဝင်ပေါက်မှ မျက်မှန်နဲ့ အမျိုးသားတစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသည်။ Mask တပ်ထားသော်လည်း သူ့မျက်ဝန်းသည် ဆိုင်ထဲတွင် တစ်စုံတစ်ယောက်အား ရှာဖွေနေကြောင်း တွေ့မိသလို မျက်မှန်တပ်ထားသော သူ့မျက်နှာနှင့် ဝတ်စားဆင်ယင်ပုံ ကိုယ်ဟန်အနေအထားတို့ကြောင့် သူမှန်း နွယ် သိလိုက်သည်။ Mask တပ်ထားသော်လည်း သူ့ပုံစံသည် တည်ကြည်သည့်ပုံ ပေါ်သည်။ အဖြူဝတ်ထားသည့်အတွက် သန့်ပြန့်နေသည်။ လမ်းလျှောက်ပုံမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့်ပုံစံ ရှိသည်။
ဆိုင်ထောင့်ဆုံးစားပွဲတွင် သူ ဝင်ထိုင်ပြီး စားပွဲတွေအား လိုက်ကြည့်ချိန်မှာ နွယ် ကြည့်နေသည်ကိုမြင်ပြီး နွယ့်ကို ပြန်ကြည့်နေသည်ကို တွေ့ရသည်။ ခပ်တည်တည် မျက်နှာလွဲပြီးမှ နွယ့် စိတ်ထဲ ရယ်ချင်လာသည်။ Chat Box မှ “နွယ်တွေ့တယ်” ဟု စာပို့လိုက်သည့်အချိန် သူပြန်ပို့သည့် Emoji ကို ကြည့်ပြီး နွယ် ရယ်မိသည်။ သူ မမြင်စေရန် သူနှင့် နွယ့်ကြားမှာ ထိုင်နေသည့် လူနှင့်ကွယ်ကာ နွယ် သဘောကျစွာ ရယ်ပြီးမှ “လာခဲ့လေ နွယ့်ဆီ” ဟု သူ့အား စာပြန်ပို့လိုက်သည်။ နွယ် လှမ်းကြည့်သော နှစ်ကြိမ်စလုံးမှာ သူနှင့် မျက်လုံးချင်းဆုံပြီးပြီမို့ နွယ်ဆိုတာ သူလည်း ရိပ်မိလောက်ပါပြီ။ နွယ် မအားဟန်ဆောင်ကာ တခြားအလုပ်ကိစ္စအား ဖုန်းဆက်ပြီး စကားပြောနေလိုက်သည်။
နွယ် ဖုန်းပြောနေချိန်မှာပင် သူသည် နွယ့်စားပွဲရှေ့ကို ရောက်လာသည်။ ခပ်တည်တည် ဖုန်းပြောရင်း သူ့အား လက်ကာပြလိုက်သည်။ သူသည် ဆက်ထိုင်သင့် မထိုင်သင့်ပုံစံမျိုးဖြင့် မတ်တတ်ရပ်နေသလို သူ့စားပွဲရှိ လက်ဖက်ရည်ခွက်နှင့် ရေနွေးအိုးကိုင်ထားသော ဝန်ထမ်းလေးပါ ရပ်နေသောကြောင့် အားနာပြီး သူ့အား ဆက်မစတော့ဘဲ ထိုင်ပါဟု လက်ဖြင့် ပြပြီးမှ နွယ် ဖုန်းဆက်ပြောနေလိုက်သည်။ နွယ် ဖုန်းပြောလို့ပြီးမှ သူက
“နွယ်…မလား”
လို့ ခေါင်းလေးရှေ့တိုးကာ တိုးတိုးလေးမေးသည်။ ရယ်ချင်စိတ် များနေတာမို့ ဟန်မဆောင်နိုင်ဘဲ သဘောကျစွာ ရယ်ရင်း
“နွယ့်ကို ရှာတွေ့သားပဲ”
လို့ ပြောတော့
“ကျွန်တော် သိပါတယ်။ တမင်မေးတာပါ”
“အယ် ဘယ်လိုသိတာလဲ။ နွယ် ကြည့်တာ တွေ့လို့မလား”
“မဟုတ်ပါဘူး။ နွယ့်ဆီ Emoji ပို့တုန်းက နွယ် ရယ်နေတာ ကျွန်တော် တွေ့တယ်။ သေချာအောင် ကျွန်တော် ဖုန်းဆက်သေးတယ်။ နွယ် ဖုန်းပြောနေတော့ လိုင်းမအားသေးပါဆိုမှ ထလာတာ။ နောက်ပြီး နွယ် သနပ်ခါးပါးကွက်လေးနဲ့မို့”
“အမ် လူကွယ်ပြီး ရယ်နေတာလေ။ ဘယ်လိုမြင်သွားတာလဲ”
“ဒီလိုပဲ မြင်အောင် ကြည့်ရတာပေါ့။ နွယ်က ဖုန်းကြည့်ပြီးလည်း ရယ်တတ်တယ်နော်”
သူ့ကို မျက်စောင်းထိုးပြီးမှ
“ရယ်စရာမြင်နေရတာကို မရယ်ဘဲ နေရမှာလား”
“အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဖုန်းထဲ ရယ်စရာတွေ့လည်း အပြင်မှာ မရယ်ဘူးဗျ။ မနွယ်ကြ သဘောကျရင် ဟန်မဆောင်တတ်ဘူးထင်တယ်”
နောက်တစ်ကြိမ် မျက်စောင်းထပ်ထိုးရပြန်သည်။
“ရယ်စရာတွေ့ပြီး မရယ်တဲ့သူဆိုလို့ အစ်ကို့ပဲ တွေ့ဖူးသေးတယ်။ ဒါနဲ့ အခု နွယ့်ကို မြင်ဖူးပြီမလား။ ဘယ်လိုမြင်လဲ”
“လူကို လူလို့ပဲ မြင်ပါတယ်နွယ်”
သူ့ကို ဘုကြည့် ကြည့်လိုက်မိသည်။ ဟုတ်တယ်လေ။ ဒီက သူ သနပ်ခါးလိမ်းတာ သဘောကျတယ်ဆိုလို့ သနပ်ခါးပါးကွက်လေး လိမ်းလာတာကို လူကို လူလို့ပဲ မြင်တယ်ဆိုတော့…။
“အဲ့တော့ သနပ်ခါးလိမ်းတာ ကြိုက်တယ်ဆိုတော့ အသားမဲမဲ အန်တီကြီး လိမ်းထားလည်း ကြိုက်တာပဲလား”
“သနပ်ခါးကိုပဲ ကြိုက်တာလေ။ ဘယ်သူလိမ်းတယ်ဆိုတာက သပ်သပ်”
“လူလည်ကြီး”
နွယ်ပြောတော့ သဘောကျစွာ သူ ရယ်သည်။ စိတ်ထဲ ပြောစေချင်တာက သနပ်ခါးလေးနဲ့ နွယ့်ကို ကြည့်ကောင်းတယ်လောက်တော့ ပြောစေချင်တာ။ အခုကြ လူကို လူလိုတဲ့။ ဒါ သပ်သပ် လူကို မရိုးမရွဖြစ်အောင် လုပ်တာလို့ပဲ စိတ်ထဲ တနုံ့နုံ့ တွေးနေမိသည်။ နွယ် တွေ့ဖူးသည့် အမျိုးသားအများစုသည် နွယ့်ကို အားနာ၍လား တကယ်လားတော့ မသိပါ။ နွယ့်ကို တွေ့ရင် သဘောကျတတ်ကြသည်မို့ သူ့ကိုလည်း နွယ့်ကို သဘောကျစေချင်မိသည်။ နွယ်ကပဲ လောဘကြီးခဲ့လေသလား။
“ဒါနဲ့ နွယ် Mask တပ်လာမယ် ပြောထားသားပဲ”
“နွယ် သနပ်ခါးလိမ်းလာမှာ ကျွန်တော် ကြိုသိနေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သနပ်ခါးလိမ်းတာ သဘောကျတယ် ပြောဖူးသလို နွယ်ကလည်း တစ်ဖက်လူ သဘောကျတာကို လုပ်ပေးချင်တဲ့သူဆိုတော့ လိမ်းလာမယ်ဆိုတာ သိတယ်။ ပြီးတော့ ဒီအခန်းထဲမှာ သနပ်ခါးနဲ့ နွယ် တစ်ယောက်ပဲရှိတယ်။ မယုံရင် နွယ် ရှာကြည့်ပါလား။ သနပ်ခါးပါးကွက်နဲ့ ဘယ်နှစ်ယောက်တွေ့လို့လဲ”
သူပြောမှ ပတ်ဝန်းကျင်ကို သတိထားကြည့်မိသည်။ နွယ် တစ်ယောက်သာ သနပ်ခါးပါးကွက်ကြားနဲ့။ ဒါပေမယ့် သူ့ကို အရှုံးမပေးချင်သေးပါဘူး။
“နွယ်လည်း အစ်ကို ဝင်လာကတည်းက မှတ်မိပါတယ်။ မျက်မှန်နဲ့ မျက်လုံးကို နွယ် မှတ်မိတယ်။ ဒါနဲ့ နွယ် ဝတယ် ပြောထားတာပဲ”
“နွယ်ကလေ ကိုယ်ပြောပြီး ကိုယ်မေ့နေတယ်။ နွယ် ပုံတစ်ပုံ ပို့ဖူးတယ်လေ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကပုံဆိုတာ”
“အွန်း အဲ့တော့…”
“ပြီးတော့ နွယ်ပဲ ပြောတယ်။ နွယ့်ခန္ဓာကိုယ်က ၁၀ နှစ်ကျော်လည်း မပြောင်းသွားဘူး။ သူငယ်ချင်းတွေက ဒီအတိုင်းပဲလို့ ပြောတယ်ဆို”
“အယ်… အာ့က စ စကားပြောခါစက ပြောဖူးတာလေ”
“အင်းလေ။ ကျွန်တော့်ကို ဟိုတယ်ခန်းထဲက မှန်ထဲကပုံလည်း ပြသေးတယ်လေ။ ညအိပ်ဝတ်စုံနဲ့။ အဲ့ပုံက ဝမှမဝတာ။ ကျွန်တော်က ဉာဏ်ကောင်းတယ်ဗျ။ အစပိုင်းက အတည်ပြောပြီး နောက်ပိုင်းမှ နောက်နေမှန်းသိလို့ တမင်ဘာမှမပြောဘဲ လွှတ်ထားတာ”
“အာ အကျင့်ပုတ်ကြီး။ သိရင်သိတယ် ပြောပါလား။ အခုကြ တောက်လျှောက် နွယ်က စလာတာ။ အဲ့လိုမှန်းသိရင် မနောက်ပါဘူး။ အခုကြ နွယ် နောက်ထားသမျှ အလကားပဲ”
“မဖြစ်ပါဘူး နွယ်ရဲ့။ အစ်ကိုတို့ ရယ်ခဲ့ရတာပဲလေ”
“လှောင်ရယ်နေတာမလား။ ဘယ်လောက်တောင် နွယ့်ကို ကွယ်ရာမှာ ရယ်နေလဲ မသိဘူး”
“မလှောင်ပါဘူး နွယ်ရယ်။ နွယ် အဲ့လို စနေတာလေးကို သဘောကျလို့ ပြန်စတာပါ။ နွယ်က စကလည်း စချင်သေးတယ်။ ပြီးရင် ကိုယ့်ဘာသာ ပြောထားပြီး မေ့ပြီး ပြောနေတော့ ပြန်နောက်ချင်လာတာ”
“ဒါနဲ့ ကွမ်းစားတယ်ဆို အခုကြ ဟုတ်လည်းဟုတ်ဘဲနဲ့”
“အွန်း စားတယ် တစ်နေ့မှ တစ်ယာ၊ နှစ်ယာပါ။ ကိုယ့်အလုပ်က ဘယ်အဆင်ပြေမလဲ နွယ်ရဲ့။ နွယ် မကြိုက်မှန်းသိလို့ တမင်နောက်လိုက်တာ။ အဲ့ဒါကြားပြီး စိတ်ခုသွားတယ်မလား။ နွယ် စကားပြောတဲ့ပုံစံ ပြောင်းသွားတယ်။ Video Call လည်းကြရော တံတွေးမျိုချသံပါ ကြားရတယ် ဟီး”
“အာ…ဟုတ်လည်းဟုတ်ဘဲနဲ့”
“ဟုတ်တယ်လေ။ အဲ့ကိစ္စပြောပြီးနောက်ပိုင်း နွယ် စကားပြောတာ သိသာတယ်။ နွယ် မကြိုက်မှန်းသိလို့ တမင်နောက်လိုက်တာပါ။ အရင်ရက်တွေ စားတော့စားတယ်။ ဒါမဲ့ ဒီနေ့ လုံး၀ မစားထားဘူး”
“စားချင်စားလေ။ မစားနဲ့လို့ နွယ်မှ မတားတာ။ ဟီး… စားပြီးရင်တော့ နွယ့်ကို လာမနမ်းရဘူး”
“မနမ်းဘဲတော့ ဘယ်ရမလဲ နွယ်ရဲ့။ အာ့က ဆားမပါတဲ့ဟင်းလို ဖြစ်သွားမှာပေါ့”
စကားပြောနေချိန်မှာပဲ သူ့ဆီ ဖုန်းလာလို့ သူ စကားပြောနေတဲ့အချိန် ထပ်တရာ စားကြည့်လိုက်သည်။ သိပ်မထူးခြားပါဘူး။ ဒါပေမယ့် ပလာတာထက် အလွှာထူပြီး ပိုနူးညံ့သလိုမျိုး ခံစားရသည်။ မုန့်ကုန်သွားမှ ရေနွေးသောက်ရင်း သူ့ကို စောင့်နေလိုက်သည်။ သူဖုန်းပြောပြီးချိန်မှာတော့ နွယ်လည်း လက်က နာရီကြည့်ရင်း
“၁၂ ကျော်ပြီနော် နွယ်တို့ သွားတော့မလား”
နွယ်ပြောတော့ သူ သဘောကျစွာ ရယ်ရင်း
“မနွယ်ရယ်။ အချိန်တွေ ရှိပါသေးတယ်။ ဘာလဲ သွားချင်နေပြီလား”
သဘောကျစွာ ရယ်ရင်း သူ ပြောတော့ စနေမှန်းသိပေမယ့် မျက်စောင်းထိုးမိပြန်သည်။
“မဟုတ်ပါဘူး။ သွားမှာလာမှာနဲ့မို့ ပြောတာပါ”
“အချိန်ရှိပါသေးတယ် နွယ်ရဲ့”
ပလာတာနဲ့ ထပ်တရာကွာခြားရာကနေ ပလာတာဆင်းသက်ပုံတွေ ရှင်းပြနေတဲ့သူ့ကို သေချာကြည့်မိသည်။ ဗဟုသုတပြည့်ဝသလို စိတ်ရှည်ပုံရတဲ့အပြင် သူ့မျက်လုံးတွေမှာ ကြင်နာတတ်သလို၊ ဂရုဏာထားတတ်သူလို ခံစားမိသည်။ စကားတွေ အပြန်အလှန်ပြောရင်း သူ ရေနွေးငှဲ့တဲ့အချိန် နွယ့် ရေနွေးပန်းကန်လေးကို သူ့နားချလိုက်သည်။ ရေနွေးဖြည့်ပေးဆိုသည့်သဘောနှင့်။ မျက်လုံးပင့်ကြည့်ပြီးမှ သူ ရေနွေးငှဲ့ပေးသောကြောင့်
“ဘာလဲ။ မလုပ်ပေးချင်လို့လား”
“မဟုတ်ပါဘူး။ ဒါလေးလုပ်ပေးရတာ ဘာမှမဖြစ်ပါဘူး”
ဒီလိုနဲ့ စကားတွေပြောရင်း နာရီဝက်လောက်ကြာတော့ သူကပင်
“နွယ် သွားချင်ပြီလား။ အစ်ကို ပိုက်ဆံရှင်းလိုက်မယ်”
“နွယ့်ဖိုး နွယ် ရှင်းပါ့မယ်”
“အစ်ကို ပြောထားတယ်လေ။ နွယ် စားသမျှ ရှင်းပါမယ်လို့။ ပြောတော့ အများကြီးစားမှာဆို။ အခုကြ ဘာမှလည်း မစားပါလား”
“ဗိုက်မဆာလို့ပါ။ ပုံမှန်တော့ စားပါတယ်”
“အာ့ဆို ခဏလေး။ ပိုက်ဆံ ရှင်းလိုက်ဦးမယ်”
ပြောပြီး ပြုံးစိစိနဲ့ သူ့ကို မျက်စောင်းထိုးရင်း
“သဘော”
လို့ နွယ် ပြောတော့ သူ ရယ်နေပြန်သည်။ ပိုက်ဆံရှင်းပြီး ဆိုင်အထွက်မှာတော့ သူ့နောက်နားကနေ နွယ် လျှောက်လာစဉ် ဆိုင်အပြင်မှာ ထိုင်နေသည့် သနပ်ခါးလိမ်းထားသူ သုံးယောက်ကို ထပ်တွေ့ကြောင်း သူ နောက်လှည့်ပြောပြရင်း အဲ့ဒီ သုံးယောက်သာ မတွေ့ပါက နွယ် တစ်ယောက်သာ သနပ်ခါးနဲ့ ဖြစ်နိုင်ကြောင်းပြောပြီး ရယ်နေသည်။
ကားပေါ်ရောက်တော့ သူ့ကို ခွင့်တောင်းပြီး ကျောပိုးအိတ်ကို ကားနောက်ခန်းဘက် ပို့လိုက်သည်။ ကားနောက်ခန်းထဲမှာ ပစ္စည်းအပြည့်ပေမယ့် ဘာတွေလဲဆိုတာ မကြည့်မိလိုက်ဘူး။ စပ်စုရာကျမှာ စိုးတာရယ်၊ ကိုယ်နဲ့မဆိုင်ရင် စိတ်မဝင်စားတတ်သူမို့ ဘာမှကို မမြင်မိဘူး။ နွယ် ခါးပတ်ပတ်နေချိန်မှာပဲ သူ စကားပြောရင်း ကားမောင်းထွက်လာခဲ့သည်။
“နွယ့်ကို သင်ပေးစရာ တစ်ခုရှိတယ်”
“ဘာကြီးလဲ”
“တဖြည်းဖြည်း သိရမှာပေါ့။ အဲ့တော့ အခု ဘယ်အရင်ပို့ပေးရမလဲ။ သူငယ်ချင်းဆီ အရင်သွားမလား”
“ဟင့်အင်း….သွားတော့ဘူး”
“ဘာလို့”
“အခုပဲ တစ်နာရီထိုးတော့မယ်လေ။ သွားမှာလာမှာနဲ့။ ပြီးတော့ အစ်ကိုက ညနေ ၆ နာရီ ပြန်မှာမလား”
စကားပြောရင်း ကားပြတင်းပေါက်ဘက် မျက်နှာလှည့်လိုက်မိသည်။ နွယ့်မျက်ဝန်းတွေ သူ့ကို မမြင်စေချင်ခဲ့ဘူး။
“အချိန်ရပါတယ် နွယ်ရဲ့။ မန်းလေးရောက်တုန်း သူငယ်ချင်းဆီ သွားလည်လေ။ လိုက်ပို့ပေးမယ်”
“အာ…မသွားတော့ပါဘူးဆို”
တစ်ဖက်လှည့်ရင်း နွယ်ပြောတော့
“အာ့ဆိုလည်း ဘာစားဦးမလဲ။ နေ့လယ်စာ စားချိန်ရောက်နေပြီ”
“စားတော့ဘူးလေ။ ဗိုက်မဆာသေးဘူး”
“အင်းပါ။ အာ့ဆိုလည်း ဗိုက်ဆာမှ မှာစားကြတာပေါ့”
ကားမောင်းရင်း ဟိုတယ်တွေ တစ်ခုပြီးတစ်ခု သူ ဖုန်းတွေ ဆက်နေခဲ့သည်။ ဟိုတယ်တွေ ဖုန်းဆက်စုံစမ်းနေတာမို့ သူ ဖုန်းမပြောတော့မှ
“အခုထိ အခန်း Booking မလုပ်ထားတာလား”
စူပုပ်ပုပ် မျက်နှာပေးနှင့် နွယ်ပြောတော့ သူ ရယ်ရင်း
“နွယ်က ခဏခဏ Plan ပြောင်းတော့ မသေချာမှာစိုးလို့ပါ”
“အာ… လာပါ့မယ် သေချာပြောထားတာကို။ ပြီးတော့ နွယ့်ကိုပြောထားတဲ့ Guest House ကရော အခန်းမရလို့လား”
“အာ့…စတာ။ ဟီး။ ဟိုတယ်ပဲ သွားမှာ”
သူ့ကို မျက်စောင်းထိုးရင်း
“နွယ်ကတော့ တကယ်ထင်ပြီး အဲ့ကိုတောင် ဖုန်းဆက်လိုက်သေးတယ်။ အခု အခန်းမရရင် ဘယ်လိုလုပ်မှာလဲ။ အချိန်လည်း မရဘဲနဲ့”
“စိတ်မပူပါနဲ့။ မန်းလေးမှာ ဟိုတယ် ပေါပါတယ်ဗျ”
“ပေါတာတော့ သိတာပေါ့။ အချိန်မရှိဘူးလေ။ တော်ပြီ နွယ့်ကို ကားဂိတ်ပဲ ပြန်ပို့ပေးတော့။ ပြန်တော့မယ်”
မျက်စောင်းနှင့် စူပုပ်ပုပ်ဖြစ်နေသော နွယ့်ကို သူကတော့ စိတ်မဆိုးဘဲ ရယ်ပဲ ရယ်နေသည်။ စကားပြောရင်း ကားမောင်းနေပေမယ့် ဘယ်ကို သွားနေလဲဆိုတာ နွယ် မသိခဲ့ဘူး။
“နွယ်… ကျွန်တော် ဂိတ်တစ်ခု ခဏဝင်မယ် ရတယ်မလား။ အရုပ်တွေ မှာထားတာ။ ရောက်ပြီပြောလို့”
“မကြာဘူးမလား။ သွားလေ။ ရပါတယ်”
“အင်း မကြာပါဘူး။ ရွေးရုံပဲ”
ကားမောင်းရင်း စကားပြောရင်း သူစနောက်သမျှကို မျက်စောင်းထိုးပြီး လက်သီးတရွယ်ရွယ်ဖြစ်နေတဲ့ နွယ့်ကို သူကတော့ ရယ်မောရင်း စနောက်နေခဲ့သည်။ ဂိတ်တွေတွေ့တော့ သူသွားမယ့်ဂိတ် ကူရှာပေးခဲ့သည်။ သွားမယ့်ဂိတ်တွေ့တော့ ကားရပ်လိုက်ပြီး ခါးပတ်ဖြုတ်ရင်း နွယ့်ကို ခေါ်သောကြောင့် ပြတင်းပေါက်ဘက် လှည့်နေရာမှ သူ့ဘက် လှည့်လိုက်သည်။
“နွယ်”
“ဟင်..”
“နွယ် အိမ်ပြန်ရင် အရုပ်သယ်သွားလို့ ရလား။ သိပ်မကြီးပါဘူး။ ၂ ပေလောက်ပေါ့”
“အမ်…ဘာလို့”
“မေးတာပဲ ဖြေကွာ။ သယ်လို့ ရလား။ မရဘူးလား”
“အွန်း…ရတော့ ရပါတယ်”
“အာ့ဆို…ရော့ အစ်ကို့ကိုယ်စား ဒီအရုပ်လေး ထည့်ပေးလိုက်မယ်”
နွယ့်ခုံနောက်တည့်တည့်ကနေ လှမ်းယူပြီး နွယ့် လက်ထဲကို အမဲရောင် အရုပ်ကလေး တစ်ရုပ် ရောက်လာသည်။
“အယ်…နွယ် အရုပ်ကြိုက်တယ် မပြောဖူးပါဘူး”
“နွယ် မကြိုက်ဘူးလား”
“ကြိုက်တာပေါ့။ ဒါမဲ့ နွယ် အရုပ်ကြိုက်တာ မပြောဖူးဘူးလေ။ ဘယ်လိုသိတာလဲ”
“ကိုယ်နဲ့ အကြိုက်တူမှန်း သိလို့။ သဘောကျတယ်မလား”
“ကျတာပေါ့”
သူ့မေးခွန်းကို ဖြေရင်း အရုပ်လေးအား ဖက်ထားလိုက်သည်။
“ကိုယ်နဲ့ တူတယ်မလား။ အသားမဲမဲလေး”
“တူပါဘူး။ နွယ်နဲ့ ပိုတူတယ်။ မျက်လုံးပြူးပြူးလေး”
ပြောပြီး အရုပ်လေးအား သေချာကြည့်ပြီးမှ ထပ်ဖက်ထားမိသည်။ ပြီးမှ သူ နောက်တတ်တာကို သတိရပြီး သူ့ကို ပြန်နောက်ချင်လာသည်။
“ဒါနဲ့ နွယ် ယူသွားလို့ မရရင် ဒီအရုပ်ကို ဘာလုပ်မှာလဲဟင်”
“ဘာမှမလုပ်ဘူးလေ။ သူ့ကောင်မလေးနဲ့ ဒီကားပေါ်ပဲထားမှာ”
နောက်ထပ် အဖြူရောင် အရုပ်လေးတစ်ရုပ် လက်ထဲ ရောက်လာသည်။ ချစ်ဖို့ကောင်းလိုက်တာ။ အရုပ်နှစ်ရုပ်ကို တစ်ဖက်စီပွေ့ပြီး အရုပ်နှစ်ရုပ်ကြား ခေါင်းဖွက်ထားမိသည်။
“သဘောကျလား နွယ်”
ခေါင်းလေးပုတ်ပြီး သူမေးတော့ ခေါင်းညိတ်ပြရင်း
“အရမ်းသဘောကျတယ်။ ဟီး။ ဖက်တောင် နမ်းချင်သွားပြီ”
“အမ်”
“ဘာမှမဟုတ်ပါဘူး။ သွားလေ။ နွယ် စောင့်နေမယ်”
သူဆင်းသွားမှ အရုပ်လေးနှစ်ရုပ်ကို သေချာကြည့်ပြီး ဖက်နမ်းလိုက်သည်။ အဖြူရောင်အရုပ်ကလေးကို ဖက်နမ်းရင်း
“ချစ်ဖို့ကောင်းလိုက်တာ”
တစ်ယောက်တည်း စကားပြောရင်း အပြင်ကို လှမ်းကြည့်တော့ ဂိတ်ကဝန်ထမ်းနှင့် သူ ပိုက်ဆံရှင်းနေတုန်းရယ်။
“နင်တို့နှစ်ယောက်ကို ခွဲရတာတော့ စိတ်မကောင်းပါဘူး။ ဒါမဲ့ ငါလည်း နင်တို့လိုပါပဲ”
ပြောချင်ရာတွေပြောပြီး အရုပ်အား တစ်လှည့်စီ ဖက်နမ်းမိသည်။ အစ်ကိုလာနေပြီမို့ မျက်နှာပိုးသတ်ပြီး ခပ်တည်တည် ပြန်နေလိုက်သည်။ နောက်ခန်းထဲ စက္ကူပုံးအကြီးကြီးထည့်ပြီးမှ ကားပေါ်ပြန်တက်လာသည်။
“ဒီနား နွယ့်သူငယ်ချင်းနဲ့ နီးတယ်။ သွားမလား”
သူမေးတော့ မကျေနပ်သလို မျက်လုံးထောင့်ကပ်ကြည့်ပြီး
“တစ်နာရီကျော်နေပြီ။ အခုထိ အခန်းလည်း မရသေးဘူး။ ပြီးရင် ညနေကြ အစ်ကိုက ပြန်ရဦးမှာ။ အချိန်လည်း မရဘဲနဲ့”
နွယ် ပွစိပွစိပြောတာကို ကားမောင်းရင်း လှည့်ကြည့်နေလို့
“ကားပဲ ဂရုစိုက်မောင်းပါဗျာ။ ပြောတော့ဘူး”
သူ့ကိုပြောပြီး အရုပ်မလေးအား နဖူးချင်းဆိုင်ပြီး ဖက်ထားလိုက်သည်။
“ကဲပါ စိတ်မဆိုးပါနဲ့။ View ကောင်းတဲ့ ဟိုတယ် ရှာနေလို့ပါ။ အခု ဒီနားက ဟိုတယ်ပဲ ဝင်လိုက်မလား”
“သိဘူးလေ။ နွယ်မှ မန်းလေး မကျွမ်းတာ။ ခေါ်တဲ့နောက် လိုက်ရမှာပဲ။ ရောင်းတော့ မစားဘူးမလား”
“အာ့တော့ စိတ်ချ။ ကိုယ်ပဲစားမှာ။ ဟားဟား”
စကားပြောရင်း သူ့လက် နွယ့်ပခုံးပေါ် ရောက်လာသည်။ အလိုက်သင့် သူ့ပခုံးကို မှီလိုက်တော့ နွယ့်မျက်နှာကို သူ့လက်နဲ့ လိုက်ထိနေသည်။ ထိရုံသာမက လက်က ငြိမ်ငြိမ်မနေဘဲ နဖူးက ဝက်ခြံကို လာကိုင်နေလို့ သူ့လက်ကို ကိုင်ပြီး ထိန်းထားလိုက်သည်။
“အကြံဘယ်လောက်ကောင်းလဲ တွေ့လား။ ကိုယ် လက်ကိုင်ချင်တာ လူမသိတော့ဘူး။ ကိုယ်လည်း တောင်းစရာမလိုဘဲ လက်အကိုင်ခံရတယ်”
“အာ… ဟင်းနော်။ စိတ်တိုရင် အဲ့လက် ကိုက်ပစ်မှာဗျ”
ပြောပြီး သူ့ပခုံးမှီထားရာကနေ ရုန်းထွက်လိုက်သည်။
“မလုပ်ပါနဲ့။ ဒီလက်လေးနဲ့ လုပ်စားနေရတာ။ ဟားဟား”
သဘောကျစွာ ရယ်ရင်း နွယ့်ကို နောက်တစ်ကြိမ် ထပ်ဖက်နေပြန်သည်။
“အစ်ကို အဆင်ပြေရဲ့လား။ တော်ကြာ အသိတစ်ယောက်ယောက် တွေ့သွားရင် အစ်ကို့အတွက် မကောင်းဘူး”
ပြောပြီး နွယ် ရုန်းပေမယ့် မလွှတ်ပေးဘဲ
“မှန်စတစ်ကာကပ်ထားပါတယ် နွယ်ရဲ့။ မပူပါနဲ့။ ဘယ်သူမှမမြင်ပါဘူး”
“အကြံဆိုးကြီးနဲ့ပါလား။ အင်းပါ။ အစ်ကို့အတွက်ပြောတာပါ။ အစ်ကို အဆင်ပြေရင် ပြီးရော”
ဒီတစ်ခါတော့ မရုန်းတော့ဘဲ နွယ့် Safety ခါးပတ်ကို ဖြုတ်လိုက်သည်။
သူဆွဲဖက်လိုက်သောကြောင့် နွယ် သူ့ရင်ခွင်ထဲ ရောက်သွားခဲ့သည်။
“ကားမောင်းရတာ အဆင်မပြေဘဲ နေဦးမယ်”
နွယ်ပြောတာကို ဂရုမစိုက်ဘဲ နွယ်ကို ဖက်ထားရင်းမှ သူ့လက်ဖျားက နွယ့်ခါးဆီမှာ။ အင်္ကျီက ခါးတိုမို့ ခါးမှာ နည်းနည်းဟပြီး လွတ်နေသည်။ အဲ့ဒီလွတ်နေတဲ့ နေရာလေးကိုပဲ သူ့လက်ထိပ်လေးတွေနဲ့ လိုက်ထိနေသည်။
“နွယ် ယားတယ်။ ဖယ်ပါ။ ကားမောင်းရတာ အဆင်မပြေဘဲ နေလိမ့်မယ်”
နွယ်ပြောတော့ သူ နွယ့်ကိုကြည့်ပြီး
“ငြိမ်ငြိမ်နေကွာ အခုလိုလေး ဖက်ထားချင်လို့”
သူများကု ငြိမ်ငြိမ်နေလို့ပြောပြီး သူကြ ကားမောင်းနေတာတောင် လက်က တစ်ချက်မှ ငြိမ်ငြိမ်မနေဘဲနဲ့လို့ စိတ်ထဲက ပြောရင်း သူ့ကို မော့ကြည့်မိသည်။ မျက်မှန်နဲ့ လက်တစ်ဖက်တည်း ကားမောင်းရင်း သူ့ရင်ခွင်ထဲ ဖက်ထားခံရတာကို သဘောကျလာသည်။ ခေါင်းလေးမော့ပြီး သူ့လည်တိုင်နား ခေါင်းမှီရင်း အသက်ရှူသလိုနှင့် သူ့လည်ပင်းလေးကို ခိုးနမ်းလိုက်သည်။ သူ့ဆီက ဘာတုန့်ပြန်မှုမှ မတွေ့ရတာမို့ သူမသိလောက်ဘူးလို့ တွေးမိသည်။ သူ့လက်ထိပ်လေး ခါးကို လာထိတိုင်း တွန့်သွားတာကလွဲရင် သူ့ရင်ခွင်ထဲ မှီပြီး ရှေ့ကိုကြည့်နေပေမယ့် ဘာကိုမှ မမြင်ခဲ့ဘူး။ ဟိုတယ်တစ်ခုရှေ့ရောက်တော့ ကားပါကင်ဝင်နေပြီမို့ သူ့ရင်ခွင်ထဲက ထွက်လိုက်သည်။
“ခဏလေးနော် နွယ်။ ကိုယ် သွားမေးလိုက်ဦးမယ်”
“အင်း”
သူဆင်းသွားတော့ အမဲရောင် အရုပ်အား ကားနောက်ခန်းထဲ ပို့လိုက်သည်။ အဖြူရောင်အရုပ်လေးဖက်ပြီး ထိုင်စောင့်နေတုန်းမှာပဲ အပေါက်ဝမှာ အခြားတစ်ယောက်နဲ့ စကားပြောပြီး သူ ပြန်လာသည်။ စိတ်စောတတ်တဲ့ နွယ်ကပဲ မနေနိုင်စွာ သူ ကားပေါ်ရောက်တာနဲ့ မေးလိုက်မိသည်။
“အခြေအနေ ဘယ်လိုလဲ။ အခန်း မရဘူးလား”
Mask ချွတ်ရင်း နွယ့်ကိုကြည့်နေသည်မို့
“၁ နာရီခွဲတောင် ကျော်နေပြီ။ အခန်းက မရသေးဘူးလား။ တော်ပြီ နွယ့်ကို ကားဂိတ်ပဲ ပြန်ပို့တော့။ နွယ် ပြန်တော့မယ်”
“ငါ…ဒီဟာလေး ဖက်နမ်းချင်လာပြီ”
“အယ်…ဟီး။ ဘာလို့လဲ”
“အချိန်မရမှာ အရမ်းကြောက်နေလို့လေ။ တွေ့ထဲက နာရီပဲ ကြည့်နေပြီးတော့”
ကားမောင်းထွက်လာခဲ့ပြီမို့ အခန်းမရတာ သေချာသလောက်ပင်။
“အဲ့လိုမဟုတ်ပါဘူး။ ညနေ အစ်ကိုက ပြန်မှာဆိုတော့ အချိန်မရမှာစိုးလို့ပါ။ အခုထိ အခန်းက မရသေးဘူးလေ”
လေသံပျော့နဲ့ နွယ်ပြောတော့
“ဒီဟာလေးနဲ့ ငါမနိုင်ဘူးဟ။ အစက မပြောဘဲ နေမလို့ပဲ။ ဘယ်လိုမှမရဘူး။ ညကြ အစ်ကို မပြန်ဘူး ဟုတ်ပြီလား။ ဒီလောက် ချစ်ဖို့ကောင်းတာလေးကို တစ်ယောက်တည်း အိပ်ခိုင်းရမှာလား”
နွယ့်မေးလေးညှစ်ရင်း သူပြောတာ ကြားကြားချင်း နွယ့်မျက်နှာ၊ နွယ့်အသံ ချက်ချင်းပြောင်းသွားခဲ့သည်။
“တကယ်။ ဟီး။ ဝမ်းသာလိုက်တာ။ အာ့… စောစောကတော့ မပြောဘူး။ သူများက စိတ်ပူနေတာကို”
“ညနေမှ ခပ်တည်တည် ပြန်မယ်တွေးထားတာ။ ပြီးမှ တံခါးလာခေါက်ပြီး နောက်မလို့။ အဲ့လိုဆို နွယ် ပိုပျော်ရမှာ အခုတော့ မပြောရင် စိတ်ကောက်ပြီး ငိုတော့မယ့်ရုပ်မို့ ပြောပြတာ”
“အာ… ဘယ်လိုဖြစ်ဖြစ် အခုသိရတော့ ပျော်သွားပြီ။ ဟီး”
သူ့လက်မောင်းကို ဖွဖွထုရင်း အသည်းယားလာလို့
“ဖက်တောင်နမ်းချင်လာပြီ”
အရုပ်လေးအား တင်းကြပ်အောင် ဖက်ရင်း နွယ်ပြောတော့
“နွယ်က အခုမှပါ အစ်ကိုက ဟိုတယ်ရှေ့မှာကတည်းက ပြောတာ”
“အံမယ် နွယ်က အရုပ်ရွေးတဲ့ ဂိတ်မှာထဲက နမ်းချင်တယ် အရင်ပြောတာပါနော်”
နွယ် မျက်စောင်းထိုးတော့ သဘောကျစွာ သူ ရယ်ရင်း
“သိသားပဲ။ နွယ် ပြောတာကြားချင်လို့။ ဟားဟား”
“အာ… အကျင့်ပုတ်ကြီး။ တကယ် သူများကို ဘယ်လိုအရှက်ခွဲရမလဲဘဲ ကြံနေတာလားမသိဘူး”
“မဟုတ်ပါဘူး နွယ်ရယ်။ နွယ်က စလို့ကောင်းတာကို။ အသည်းယားတဲ့ပုံလေးကို သဘောကျလို့”
“ထားပါတော့။ ညနေမပြန်ဘူးဆိုလို့ ခွင့်လွှတ်လိုက်မယ်။ ဟီး”
“တကယ်က အခန်းရတယ်။ သိလား။ ဟီး။ ၂ နာရီကျော်မှ မီးစက်နှိုးမယ်ဆိုလို့ ပြန်ထွက်လာတာ။ ပိုင်ရှင်ကိုတော့ ကောင်မလေးကို အခန်းမရဘူးပြောပြီး ကားပတ်မောင်းပြီး ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်”
“အာ… ခင်ဗျားကြီး နည်းနည်းများသွားပြီ။ ဘယ့်နဲ့ ရောက်ကတည်းက နွယ်ချည်း ခံလာရတာ”
“မပူနဲ့။ ပြီးရင်လည်း နွယ်ပဲ ခံရဦးမှာ။ ဟားဟား”
“ဟွန်းနော် အဲ့လောက်တောင် သူများကို စရတာ ပျော်နေတယ်ပေါ့။ ဟုတ်လား”
“ဟီးဟီး။ ဟီးဟီး”
အဲ့ရယ်သံကြားမှ ပိုအသည်းယားလာသည်။ ခါးပတ်ဖြုတ်ပြီး သူ့ဘက်ကို ကိုယ်ကိုင်းကာ သူ့ပါးကို တစ်ချက်ရှိုက်နမ်းလိုက်သည်။ ရယ်နေတာ ရပ်သွားသော သူ့ကို ဘယ်လိုလဲဆိုသည့်သဘောဖြင့် မျက်လုံးစွေကြည့်လိုက်သည်။ သူ့ရင်ခွင်ထဲ မှီပြီး သူ့ခါးကို ဖက်ထားလိုက်သည်။ လမ်းဘေးကပ်ပြီး ကားရပ်လိုက်ကာ သူပါ ခါးပတ်ဖြုတ်ပြီး နွယ့်ဘက်လှည့်လာသည်။ နွယ့်မျက်နှာကို အုပ်ကိုင်ပြီး ပထမဆုံး နွယ့်ပါးကို အနမ်းချွေခဲ့သည်။ ပါးပြင်ကို နမ်းပြီးမှ နွယ့်နှုတ်ခမ်းကို နမ်းလာသည်။ ညင်သာသော၊ ကြင်နာသော အနမ်းနုနုလေးတွေကြားမှာ နွယ့်မျက်လုံးတွေ မှိတ်သွားခဲ့သည်။ သူ့လက် ဘယ်ဆီရောက်နေသလဲဆိုတာထက် သူ့အသက်ရှူသံ၊ သူ့ရင်ခုန်သံ၊ သူ့နှုတ်ခမ်းတွေကသာ နွယ့်စိတ်ကို ဆွဲဆောင်နေခဲ့သည်။
၂ မိနစ်နီးပါးလောက် နမ်းပြီးချိန်မှာ သူလွှတ်ပေးတော့မှ နွယ့်မျက်လုံး ပြန်ပွင့်လာသည်။ ဘာစကားမှ ပြောစရာမရှိသူတွေလို နွယ်တို့ တိတ်ဆိတ်သွားခဲ့ပြန်သည်။ ကားပြန်ထွက်တော့ သူဖက်ထားသည်မို့ သူ့ရင်ခွင်ထဲ ကိုယ်တစ်ခြမ်းမှီပြီး သူ့ပခုံးပေါ် ခေါင်းမှီရင်း ငြိမ်နေခဲ့သည်။ ကားမောင်းရင်း ကားရှေ့ အမြင်မတော် လာလုပ်သူတွေကို ကားပေါ်ကနေ ပြောဆိုနေသော သူ့ကို မော့ကြည့်မိသည်။
“ဒင်းတို့ကွာ ဒီမှာ ချစ်သူလေးနဲ့ သာယာနေတာကို”
“ဒီဘဲ ငစားပဲ။ လမ်းအရှင်းကြီးကို ရှေ့ကနေ ကိုးလိုးကန့်လန့်တွေ လာလုပ်နေတယ်။ ရင်ခွင်ထဲ ချစ်သူရှိလို့ မဟုတ်ရင် ဒင်း… မလွယ်ဘူး”
သူ့ပါးပြင်ကို နမ်းလိုက်ပြီး
“အာဘွား…စိတ်မဆိုးနဲ့တော့နော်”
နွယ့်အပြုအမူကို သဘောကျစွာ ပြုံးရင်း
“အစ်ကို စိတ်မဆိုးပါဘူး။ တမင်ပြောနေတာ။ ဟီး”
“ကြည့် သူများဆို သူ စ,စရာ တိရိစ္ဆာန်များ မှတ်နေလားမသိဘူး”
မျက်စောင်းနဲ့ နွယ်ပြောတော့
“ဟုတ်ပါဘူးကွာ။ ချစ်ဖို့ကောင်းလို့၊ အသည်းယားလို့၊ စလို့ကောင်းလို့ ဟီး”
ကားမောင်းရင်း လမ်းမှာ သူက အပြင်ကို ပြောလိုက် နွယ်က သူ့ပါးလေးကို နမ်းလိုက်နဲ့ မီးပွိုင့်မိတော့ သူက
“နွယ် ကျုံးကြည့်မလား”
“အမ်”
“ရှေ့မှာ ကျုံးရောက်ပြီလေ။ ဟီး”
“အာ…”
မျက်စောင်းထိုးရင်း။
“နွယ် မန်းလေးကျုံး တစ်ခါမှ မရောက်ဖူးဘူး”
“အင်း… အာ့ဆို အစ်ကို ကျုံးပြမယ်။ ဟားဟား။ ကောင်မလေး ကျုံးကြည့်ချင်နေပြီမလား”
“အစ်ကိုနော်…”
တကယ်တမ်း မီးပွိုင့်ကနေ ကျုံးဘက်ကို ချိုးကွေ့ပြီးချိန်မှာ လမ်းရှင်းနေခဲ့သည်။ သူကလည်း တအားစနေသလို နွယ့်မှာလည်း အသည်းယားပြီး စိတ်တိုတိုင်း သူ့ပါးကိုချည်းပဲ နမ်းနေရင်းမှ တစ်ကြိမ်မှာတော့ သူ့နှုတ်ခမ်းနားကပ်ပြီးမှ
“အစ်ကို…နွယ်…နမ်းချင်တယ်”
တုံ့ဆိုင်းခြင်းမရှိဘဲ သူက ခေါင်းလေးညိတ်ပြပြီး နွယ့်ဘက်ကို ခေါင်းနည်းနည်းစောင်းပေးသည်။ သူ့နှုတ်ခမ်းကို နမ်းရင်း မျက်လုံးဖွင့်ကြည့်မိသည်။ သူ့မျက်လုံးကို စိုက်ကြည့်ရင်း စိတ်တို့၏စေရာကို လိုက်နေသူနှစ်ယောက်မှာ အန္တရာယ်များမှန်း သိသော်လည်း လုပ်ချင်တာလုပ်သူနှင့် လုပ်ဖို့ ခွင့်ပြုပေးသူနှစ်ယောက် ဆုံမိကြခြင်းကြောင့် ယခုအနမ်းသည် ချိုမြိန်သည်ထက် ထူးကဲမှုကိုပါ ခံစားရသည်။ တစ်မိနစ်လောက် ခဏတာ အချိန်ဆိုသော်ငြားလည်း ရင်ခုန်ကြည်နူးရသူတို့အဖို့ လုံလောက်ခဲ့သည်။
“တော်တော်ဆိုးနော်…။ ပြောတော့ နွယ်က မနမ်းတတ်ဘူးဆို”
“အာ… အစ်ကိုက အသည်းယားအောင် လုပ်တာကို။ မယုံလို့လား တကယ်ပြောတာ။ နွယ် ကိုကိုကလွဲရင် ဘယ်သူ့ကိုမှ စ,မနမ်းဖူးဘူး။ အခုက သူ့ဘာသာ နမ်းချင်လို့ နမ်းတာ။ ဘာလဲ… မနမ်းရဘူးလား”
“နမ်းပါဗျာ… နွယ် ကြိုက်တာလုပ်ပါ”
နောက်တစ်ကြိမ် မီးပွိုင့်မိချိန်မှာတော့
“နွယ်”
“ဟင်”
“၈ လက်မဆိုတာ ယုံလား”
“အမ်… ယုံပါဘူး။ Video Call မှာ ကြည့်တာတော့ ရှိပါဘူး။ အပိုတွေ”
“ကျန်းမာရေးကောင်းချင်ရင် အရည်ရွှမ်းတဲ့အသီး စားရတယ် နွယ်ရဲ့။ ဥပမာ ငှက်ပျောသီးပေါ့။ ဟီး”
“အမ်…ငှက်ပျောသီးက အရည်ရွှမ်းလို့လား”
“အဲ့လို ပြောမှပြောပါ့မလားလို့။ အစ်ကို့ငှက်ပျောသီးကတော့ ရွှမ်းတယ်။ ဟားဟား”
“အာ… အကောင်းမှတ်လို့ နားထောင်နေတာကို။ တကယ်လည်း ဟုတ်ဘဲနဲ့”
“ရော် တကယ်ပြောနေတာကို”
“မယုံဘူး။ ကိုင်ကြည့်မယ်။ ဟီး”
“ကိုင်ပါဗျာ။ မနွယ် သဘော။ မနွယ် သဘော။ ဟုတ်ပြီလား”
“အယ်…ဟုတ်တယ်။ အရည်တွေ ပုဆိုးမှာတောင် ကွက်နေပြီရော်။ အပေါ်ကနေပဲ ကိုင်ရမှာလား။ ဟီး”
အပိုင်း (၂) ဆက်လက်ဖတ်ရှု့ရန် နှိပ်ပါ 👉 လာခဲ့လေ နွယ့်ဆီ (အပိုင်း ၂)
![Yeah Celeb [အပြာစာပေ]](https://yeahceleb.com/wp-content/uploads/2025/05/cropped-Celeb-success-tips.png)