အခန်း(၁)မမနှင်းတို့အိမ်ဘက်အပြေးတပိုင်းနှင့်ပြေးလာသောအတာတယောက်ရှေ့တွင်စျေးခြင်းတောင်းကိုင်ကာလာနေသောဒေါ်မြမေကိုတွေ့လိုက်ရသဖြင့် ကြီးမေ..ကြီးမေ…မမနှင်းအိမ်မှာလား ဟုမေးလိုက်လေသည်။အေး..ဟုတ်တယ်..ခေါင်းကိုက်တယ်ဆိုပီးအိမ်မှာအိပ်နေတယ်..သွား..သွားရှိတယ်..အတာတယောက်ပြေးလာရသည်ကတော့ ၁၀တန်း၃ခါကျနေသည့်သူ့ကို guide လုပ်ကာစာကြည့်ပေးခဲ့သောဆရာမလဲဖြစ်Guide လဲဖြစ်သည့်မမနှင်းကိုအောင်စာရင်းတွင်သူပါသည်ဟုပြောရန်သာဖြစ်သည်။ အတာတယောက်၁၀တန်းဖြေသာဖြေရသည်စာကလဲဟုတ်တိပတ်တိကျက်သူမဟုတ်ရာ စာမေးပွဲကျသည်မှာအဆန်းမဟုတ်အောင်တာကသာအဆန်းဖြစ်သည်။ အတာဆိုတာကအိမ်နာမည်ဖြစ်သည်နာမည်အရင်းကအောင်ကျော်ဇင်။ လူကသာ အတာ ဆိုတာအသက်၁၉နှစ်တွင်အရပ်ကလဲ၅ပေ၈လက်မလောက်နှင့်လူကလဲတုတ်တုတ်ခိုင်ခိုင်ကြီးနှင့်ကျားကိုစီးစားမကုန်သည့်ကိုယ်ခန္ဒာမျိုးကြီးဖြစ်သည်။သူကမမနှင်း…မမနှင်းခေါ်သော guide နှင်းဆီမေမှာအလယ်တန်းပြလေးဖြစ်ပီးအသက်ကလဲ၂၄-၂၅ခန်သာရှိသေးသည်။အရပ်ကလေး၅ပေကျော်ရုံသေးသေးသွယ်သွယ်လေးဆိုတော့မသိလျှင်အတာနှင်သက်တူရွယ်တူလောက်သာထင်ကြရမည်။သူမခမျာအိမ်ထောင်ရေးကံမကောင်းရှာလက်ထပ်ပီး၅လခန့်တွင်ယောက်ျားကကားမှောက်ရာတွင်ဆုံးပါးသွားရာမှမုဆိုးမလေးဖြစ်နေရှာသူဖြစ်သည်။ မိဘများဆုံးပီးကတည်းကသူမအဒေါ်နှင့်နေသူဖြစ်ပီးကျူရှင်းလေးပြ guide လေးလုပ်နှင့်ဘဝကိုဖြတ်သန်းနေရရှာသူလေးဖြစ်သည်။ဒီနေ့တော့ကျောင်းကပြန်လာပီးအိမ်တွင်ခေါင်းကိုက်သလိုဇက်ကျောထိုးသလိုဖြစ်နေသောကြောင့်နားနေကာလှဲနေစဉ်မေ့ကနဲ့အိပ်ပျော်သလိုဖြစ်သွားခဲ့သည်။အတာဆိုသောကောင်လေးကို guide လုပ်ပေးခဲ့စဉ်ကစာမကြိုးစားသောကြောင့်နင်တော့ဘယ်လိုဖြေဖြေအောင်မှာမဟုတ်ဘူး